သက်သေခံချက်များ

ကျော်ဆန်း

ကျနော်ကျော်ဆန်းဖြစ်ပါတယ်၊ ကျနော့်ကို ဗုဒ္ဓဘာသာယုံကြည်သူ မိဘနှစ်ပါးမှ မွေးဖွားခဲ့ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်၊ ကျနော်ငယ်စဉ်ဘဝမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးအဖြစ် ကြီးပြင်းခဲ့ပြီး ကျနော်နေထိုင်ရာ ဒေသမှာ ဗုဒ္ဓဘာသာသာရှိပြီး တခြားဘာဘာသာမှမရှိပါဘူး၊ ကျနော် ၁၆နှစ်အရွယ်တွင် မြန်မာပြည်မှာ ၈၈၈၈ (ရှစ်လေးလုံး) အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီး ကျနော်ဟာ တော်လှန်ရေးဒေသကို ထွက်ခွာခဲ့ပါတယ်၊ ဒါက ကျနော့်ဘဝကို အကြီးအကျယ် စတင်ပြောင်းလဲစေခဲ့ပါတယ်၊ ကျနော်တော်လှန်ရေးဒေသကိုရောက်ပြီး ကျနော်တာဝန်ကျရာဒေသမှာ ခရစ်ယာန်ဘာသာဝင်တွေသာရှိပြီး တခြားဘာသာဝင်တွေမရှိပါဘူး၊ တော်လှန်ရေး ဒေသဖြစ်တာမို့ အစားအစာ ခေါင်းပါမှုနှင့် ပျော်ရွှင်စရာရှာပါးလှပါတယ်၊ အဲဒီဒေသမှာ ခရစ်မတ်ဆိုတာ ပျော်ရွှင်စရာ အဓိကပွဲကြီးတစ်ခု ဖြစ်ပါတယ်၊ ခရစ်မတ်အချိန်ကိုရောက်လာတော့ ဒေသခံမိတ်ဆွေတွေက သူတိုရဲ့ခရစ်မတ်ပွဲကိုလာခဲ့ဖို့ ဖိတ်ခေါ်တာ ကြောင့် ကျနော်ဟာ ခရစ်မတ်ပွဲကိုသွားရောက်ခဲ့ပါတယ်၊ အဲ့ဒီအချိန်ကစတင်ပြီး ကျနော်ဟာ ခရစ်တော် အကြောင်းကို စတင်သိရှိခဲ့ရပြီး ဒါကပဲ ကျနော်ကို ခရစ်ယာန်တစ်ဦးဖြစ်လာဖို့ အကြောင်းအချက် ဖြစ်စေခဲ့ပါတယ်၊ နောက်ပိုင်းမှာ ခရစ်တော်နှင့် ပါတ်သက်ပြီး မေးမြန်စုံစမ်းခြင်းပြုရာကနေတဆင့် ခရစ်တော် အကြောင်းကို တစတစပိုမိုသိရှိလာခဲ့ပြီး ခရစ်တော်ရဲ့ အနစ်နာခံ ပေးဆပ်ခြင်းနှင့် ကယ်တင်ခြင်း အကြောင်းကို ယုံကြည်လက်ခံ လာခဲ့ပါတယ်၊ ဒါ့အပြင် ကျနော်ကို အပြောင်အလဲဖြစ်စေတဲ့ အခြားအကြောင်း တစ်ခုကတော့ ကျနော့်ရဲ့ ဇနီးသည်နှင့် အိမ်ထောင်ကြခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ ကျနော့်ရဲ့ ဇနီးသည်ဟာ ခရစ်ယာန်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်၊ ကျော်တို့ အိမ်ထောင်ကျတဲ့အချိန်မှာ တစ်အိမ်ထောင်တည်မှာ ဘာသာနစ်ခုဖြစ်နေခဲ့ပါတယ်၊ ကျနော်တို့အနေနဲ့ တစ်အိမ်ထောင်တည်မှာ ဘာသာနှစ်ခု မဖြစ်လိုတာကတစ်ကြောင်း၊ ကျနော်နေထိုင်ရာဒေသမှာ ဗုဒ္ဓဘာသာနှင့်အလှမ်းကွာဝေးတာကတစ်ကြောင်း၊ ကျနော်ကိုယ်တိုင်က ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို ယုံကြည်လက်ခံလာတာက တစ်ကြောင်းကြောင့် ကျနော်ဟာ နှစ်ခြင်မင်္ဂလာခံယူခဲ့ပါတယ်။

ကျနော်အတွက် ဝိညာဥ်ရေးရာ ခွန်အားဖြစ်စတဲ့ကျမ်းပိုက်ကတော့ ရှင်ယောဟန်ခရစ်ဝင် ၁၆း၃၃ ပါပဲ။

ရှင်ယောဟန် ၁၆း၃၃ သင်တိုသည် ငါကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေငှာ ဤစကားကို ငါဟောပြောပြီ၊ သင်တိုသည် လောက၌ ဆင်ရဲဒုက္ခကို ခံရကြလိမ့်မည်၊ သိုသော်လည်း မစိုးရိမ်ကြနှင့်၊ ငါသည်လောကကို အောင်ပြီ။

ကျနော်တို့ အနေနဲ့ ခေတ္တသာနေထိုင်ရတဲ့ ဒီကမ္ဘာလောကမှာ စိုးရိမ်ကြောင့်ကြစရာအများအပြားနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်၊ ( ဥပမာအားဖြင့် သဘာဝ ဘေးအန္တရယ်တွေ၊ ခိုးဆိုးတိုက်ခိုက်မှု့တွေ၊ အလုပ်အကိုင်ရှားပါမှု့တွေ၊ လိမ်လည်ခံရမှု့တွေ၊ စားဝတ်နေရေးကိစ္စတွေ၊ သား၊ သမီးကိစ္စတွေ၊ သား၊သမီးတွေကို မကောင်းတဲ့ သတင်းနဲ့ ဆက်သွယ်ရေးတွေရဲ့  ဖြားယောင်းသွေဆောင်ခံရမှာတွေ) စသည် စသည် စိုးရိမ်သောကရောက်စရာ အများအပြားနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်သက်ခြင်းဟာ ကျနော်တို့အတွက် အမှန်တကယ်လိုအပ်ပါတယ်။ ကျနော်ဆိုလိုချင်တာက စစ်မှန်တဲ့ငြိမ်သက်ခြင်း၊ ထာဝရငြိမ်သက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ကျနော်တို့ ဒီခေတ္တတာ ကမ္ဘာလောကမှာ ဒီလောက်တောင်မှ များပြာနေရင် ထာဝရငရဲဆိုတာ စဥ်တောင်မစဥ်စာရဲပါဘူး။  ငရဲဆိုတာကို အလွယ်ကူဆုံး အဓိပ္ပါယ်ဖွင့်ဆိုရရင်( မကောင်းမှု့ ဘေအန္တရယ်တွေနှင့် ညှင်ပမ်းနိပ်စက်မှု့တွေ အဆက်မပြတ်ကြုံရခြင်း)ကို ဆိုလိုတာဖြစ်ပါတယ်။ ကျနော်လေ့လာသိရှိခဲ့တာကတော့ ငရဲကျခြင်းကနေလွတ်အောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ အဲဒါကတော့ တသက်လုံး ပညတ်တရားတွေကို စောင်ထိမ်းပြီး ကောင်းမွန်စွာနဲ့ အပြစ်ပြုခြင်းမှ ကင်းအောင်နေထိုင်ခြင်းနှင့် ခရစ်တော်ရဲ့ကယ်တင်ခြင်းကိုလက်ခံပြီး ခရစ်တော်နောက်ကိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလောက်ဖြားယောင်းသွေဆောင်မှု့တွေများတဲ့ ဒီကမ္ဘာပေါ်မှာ ကျနော်အနေနဲ့ ပထမတစ်ခုကိုတော့ ကျနော်မလုပ်နိုင်ပါဘူး။ ဒုတိယတစ်ခုက ကျနော်အတွက်ပိုမိုလွယ်ကူတာမို့ ကျနော်ဟာ ခရစ်တော်ရဲ့ကယ်တင်ခြင်းကို လက်ခံပြီး ခရစ်တော်နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ ယုံကြည်တာကတော့ ခရစ်တော်နောက်ကိုလိုက်ခြင်းအားဖြင့် နောက်ဆုံနေ့မှာ ခရစ်တော်ရဲ့ကယ်တင်ခြင်းကို ရရှိပြီး အဖဘုရားသခင်ရဲ့ကောင်ကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ကောင်ကင်နိုင်ငံကို ရောက်မှသာ ငြိမ်သက်ခြင်းအစစ်အမှန်ကိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်ကင်နိုင်ငံမှာ ကျနော်မိသာစုနှင့်အတူ ပြန်လည်ဆုံတွေ့ပြီး ငြိမ်သက်ခြင်းကို ခံစားရလိမ့်မယ်လို ယုံကြည်မျော်လင့်တာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ အားလုံးကိုလည်း ကောင်းကင်နိုင်ငံမှာ တွေဆုံပြီး ငြိမ်သက်ခြင်းကို ခံစားစေချင်ပါတယ်။ ဘုရားသခင်၏ ကောင်ချီးမဂ်လာများ သင်တို့အပေါ်သို့ ကျရောက်ပါစေ။

 

ကျော်ဆန်း

Kyaw Sann

Leave a Reply

Your email address will not be published. Required fields are marked *

Tag Cloud

Meta

Powered by jKeyMagic